Thursday, July 7, 2016

Hardware Term By ဆရာအောင် ကိုအောင် ဖုန်းတစ်လုံးမှာ ဘယ်အပိုင်း မဆို တစ်ခုထဲအလုပ်မလုပ်နိင်ကြပါဘူး။ Hardware ပိုင်းနဲ့ Software ပိုင်းပေါင်းစပ်အလုပ်လုပ်ကြရပါတယ်။ Hardware ပိုင်းအတွက် အိုင်စီများပံ့ပိုးပစ္စည်းများများစွာ ပါဝင်သလို ထိုအိုင်စီများတစ်လုံးနဲ့တစ်လုံးဆက်သွယ်အလုပ်လုပ်နိင်ဖို့ မရှိမဖြစ်လိုအပ်တဲ့အပိုင်းတွေကတော့ volts clock reset data programming code. ဒီအချက်တွေ အားလုံးအချက်ကျကျပေါင်းစပ်အလုပ်လုပ်နေကြတာပါ။ ဗို့ တွေအနေနဲ့  အ၀င်ဗို့ ကိုတော့ battery ကနေလာတဲ့ 3.7v တစ်လိုင်းရယ်၊ တစ်ချို့ ဖုန်းတွေမှာ CPU backup battery လေးတွေပါတတ်ပါတယ်။ အထွက်ဗို့ တွေကိုတော့ နှစ်မျိုးတွေ့ ရပါတယ်။ (၁) Programmable Switching Regulator Output( Buck output) ပိုင်းနဲ့  (၂) Low Dropout Linear Output (LDO) ဆိုပြီးနှစ်မျိုးတွေ့ ၇ပါတယ်။  PMIC တွေမှာ digital programmable regulator output, ldo,charging,sound,sim, နဲ့  digital interface ဖြစ်တဲ့ I2 C လမ်းကြောင်းတွေ ပါဝင်လာပါတယ်။ CLOCK Clock ဆိုတဲ့ခုန်လိုင်းဟာဖုန်းတစ်လုံးအချက်ကျကျ ချိတ်ဆက်အုပ်လုပ်နိင် အောင် ထိန်းညှိပေးတဲ့အပိုင်းဖြစ်ပါတယ်။ CPU clock ,Temperature Compensated Crystal Oscillator( TCXO),Sleep clock,RTC Real time clock ဆိုပြီးလေးမျိုးတွေ့ ရပါတယ်။ PMIC တွေမှာ CPU clock နဲ့ TCXO clock တို့ ဟာအရေးကြီးတဲ့ ခုန်လှိုင်းတွေဖြစ်ပါတယ်။ဒီနှစ်ခုထဲက တစ်ခုခုမရောက်လျှင်ပါဝါမနိုးနိင်ပါဘူး။ အချို့ ဖုန်းတွေမှာ power on clock ကို CPU ထဲမှာရှိတဲ့ clock generator  အပိုင်းကတိုက်ရိုက်ထုတ်ပေးသော်လည်း၊အချို့ ဖုန်းများတွင် network ပိုင်းရှိ rf transceiver အိုင်စီကနေတစ်ဆင့်ပြန်လည်ရယူထားတာမျိုးလဲရှိပါတယ်။ RESET Reset လမ်းကြောင်းဟာလဲအရေးကြီးပါတယ်။ပါဝါနိုးဖို့ အတွက်လိုအပ်တဲ့ reset signal ကို ပါဝါအိုင်စီကနေထုတ်ပေးပါတယ်။ CPU ကို reset ချ နိင်မှသာ ပါဝါလုပ်ငန်းစဉ်စတင်နိင်မှာဖြစ်ပါတယ်။Reset out အပိုင်းမှာတော့ ဖုန်းတစ်လုံးမှာပါဝင်တဲ့အစိတ်အပိုင်းအားလုံးကို ထိန်းချုပ်ပေးထားပါတယ်။အသံပိုင်း၊အရုပ်ပိုင်း၊အချက်ပြပိုင်း အားလုံးမှာ သက်ဆိုင်ရာ reset လမ်းကြောင်းတွေ ပါဝင်ပါတယ်။ DATA Data ပိုင်းမှာ one signal data bus နဲ့ two wire signal bus ဆိုပြီးနှစ်မျိုတွေ့ ရပါတယ်။ data လမ်းကြောင်းတွေဟာ CPU နဲ့ သက်ဆိုင်အိုင်စီတွေကြားအပြန်အလှန်ကူးပြောင်းပေးနိင်ပါတယ်။ ဒီအပိုင်းတွေထဲက တစ်ခုခုချို့ ယွင်းပြီဆိုရင် ဖုန်းမှာ error တက်လာပါတော့တယ်။ data အများစုကို programming code များဖြင့်ဖွဲ့စည်းထားပြီး emmc အတွင်း၊ OS အဖြစ်ထည့်သွင်းထားကြပါတယ်။ ထို့ကြောင့် volts,clocks,data ,စတြ့အပိုင်းတွေမှာ တစ်ခုခုချို့ ယွင်းလာရင် ဖုန်းတစ်လုံး ပုံမှန်အလုပ်မလုပ်နိင်တော့ပါဘူး။

No comments:

Post a Comment